သင်တန်းစတင်သောနှစ်ကာလ
၂၀၀၇ ခုနှစ်၊
မတ်လမှစတင်၍ ရတနာပုံဈေးအပေါ်ဆုံးထပ်ရှိ Ray World Complex
တွင် ''ရွှေပညာ'' သင်တန်းကို စတင်၍ လစဉ် သင်ကြားခဲ့သည်။
သင်တန်းကာလကို တစ်လနှင့် တစ်လခွဲသတ်မှတ်ထားပြီး သတ်မှတ်ကာလနှင့်
မတတ်ကျွမ်းပါက တတ်ကျွမ်းသည်အထိ တက်ရောက်ခွင့်ပေးထားပါသည်။
ထပ်မံတက်ရောက်သည့်အတွက် သင်တန်းကြေးပေးရန်မလိုပါ။ ၂၀၀၈
ခုနှစ်
ဧပြီလတွင် ရွှေဆိုင် အရောင်းအ၀ယ်အတွက် လိုအပ်သော
ပို့ချသင်ကြားခြင်းများကို ရွှေဆိုင်ဝန်ထမ်းများအတွက်
အခမဲ့ပို့ချခြင်းများနှင့် ရက်တိုသင်တန်းများ ကိုလည်း ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈
ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ 77လမ်း၊31x32လမ်းကြားတွင်
ရွှေပညာသင်တန်းကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ သင်တန်းတွင်
သင်တန်းသားဦးရေ အများဆုံး 7 ဦးသာ လက်ခံသင်ကြားပေးသော
စာတွေ့လက်တွေ့သင်တန်း ဖြစ်ပါသည်။ သင်တန်းတွင်
လက်တွေ့ပြုလုပ်နိုင်သော ရွှေလှော်ဖိုနှင့် လက်တွေ့ရွှေရှာဖွေနိုင်ရန်
လက်တွေ့ခန်းများဖြင့် သင်ကြားပေးသောကြောင့် သင်တန်းသားများအတွက်
ထိရောက်မှုရှိသည်။ သင်တန်းသင်ကြားမှုကို လက်တွေ့လုပ်ငန်းများနှင့်
အတွေ့အကြုံရှိသော သင်တန်းဆရာဦးသာဇော်ကိုယ်တိုင် တတ်မြောက်သည်အထိ
သင်ကြားပေးပါသည်။
အသေးစိတ်သိရှိလိုပါက E-Mail လိပ်စာ tharzawmdy@gmail.com နှင့်
ဖုန်းနံပါတ် ၀၉-၂၀၁၁၉၆၈ သို့ စုံစမ်းနိုင်ပါသည်။ |